အပြိုင်အဆိုင်
ကျမအတွေးလေးတခုရခဲ့တယ် မနေ့ကမှ ခလေးကို ဒီမှာသင်ကြားရေးလေး လုပ်လိုက်တော့ အဲဒါဘာလဲဆိုရင် Finland နိူင်ငံ ဘာလိုကောင်းလဲသိသွားတယ်။ ကျမတို့နိူင်ငံနဲ ကွာခြားချင်တွေ အရမ်းလဲ သဘောကျသွားတယ် ဘာလဲဆိုတော့ အဲဒါက ခလေးကိုသင်ကြားတဲ့နည်းလေးတွေ သူငယ်ချင်းစိတ်ဓာတ်ကို အငယ်ထဲက သင်ကြားပေးခဲ့တာပဲ
ခလေးတွေကို ကိုယ်တိုင် လုပ်တက်အောင် မူကြိုအရွယ်ထဲက သင်ကြားပေးခဲ့တယ် ။ ဉပမာ ပြောရရင် ကစားနည်းတခုနဲ ပြောပြပေးမယ် သူနိူင်ငံက ခလေးတွေကို ဒီတစ်လ ဘယ်စာသင်မယ်ဆို အဲတစ်လုံးဟာ အဲစကားလုံးတွေပဲသင်ပေးတာ အခု ရာသီက ဒီနိူင်ငံရဲ့ မိုးရာသီဆိုတော့ မိုးရာသီမှာ ဘာတွေ ဝတ်ပေးရတယ် ။ဘာအဝတ်အစားတွေ ပြီးတော့ ဘာအရောင်တွေသင်ပေးတယ် ခလေး သဘာဝအရ ဆော့တာတွေရှိမယ် အဲခလေးဆို သူတို့စိတ်ဝင်စားအောင် သူတို့ ဝတ်ထားတဲ့အင်္ကျီလေးက ဘာအရောင် ခြေအိပ်လေးက ဘာအရောင် ပြီးတော့ ဘောင်းဘီလေးက ဘာအရောင် အဲတော့ ခလေးက စိတ်ဝင်စားသွားရော ပြီးတော့ အိမ်သာကို ဘယ်လိုတက်ရမယ် တန်းစီးရမယ် တန်းစီးရင် တစ်ယောက်နဲတစ်ယောက် အတွန်းဖို့ကို ဆရာမတွေက ပုံစံပြပေးကြတယ် ပြီးတော့ ခလေးတွေကိုအိမ်သာတက်တာကအစ ပုံစံတွေ နဲသင်ကြားပေးတယ် လက်ဆေးတဲ့အခါ သူများမပြီရင် စောင့်ရမယ်ဆိုတာတွေ ဒါတွေဟာ ကျမတို့ ပညာရေးနဲဆို အများကြီး ကွာသွားတယ် ကျမတို့ သင်ပေးတာက စာကိုရရမယ် စာမေးရင် လဲ မှားလို့မရဘူ သူတို့ပေးတဲ့အဖြေကို အကုန်ဖြေရတာ ကိုယ်ပိုင်အတွေးတွေ သင်ကြားမပကြဘူ ဆရာမကပဲအမှန်တွေ သင်ကြားပေးခဲ့တယ် သင်္ချာပဲကြည့်လေ စာရေးသူအငယ်က သင်္ချာကို အဖြေအတူတူပဲ ရတယ် အဲဒါကို သူနည်းအဆင့်ဆင့်ကိုမတွတ်လို့တဲ့ ပြောချင်တာတော့ အဲတော့ခလေးတွေဟာ ကိုယ်တိုင်ideaမရှိအောင် ရိုက်ချိုးခံရတယ် ဒီရောက်တော့လဲ သူတို့သင်တာ တခု ကျောင်းမှာသင်တာကို မေးတာမဟုတ်ဘူ ကိုယ်ဘာသာ ရေးရတာတွေကိုလုပ်ပေးတယ် ကိုယ်အတွေးအခေါ်တွေကို သေချာစနစ်ကျအောင်သင်ပေးတယ် ။(Finland)မှာအများစုသိတာ စာမေးပွဲမရှိဘူတဲ့ ရှိပါတယ်ရှင့် စာမေးပွဲမရှိပဲ အဲခလေးရဲ့အရည်အချင်းကိုမသိနိူင်ပါဘူ အဲတော့ စာမေးပွဲတွေစစ်ပြီ လုပ်ပေးပါတယ်
တချို့ကပြောတယ် မြန်မာထက်ခတ်လားတဲ့
ခတ်တယ်ပြောရင်ရော စာပုံမှန်လုပ်တဲ့ခလေးအတွက်တော့ အဆင်ပြေပါတယ် မြန်မာက ခလေးတွေက ခတ်တယ်ပြောကြတော့ ဒီမှာကြီးတဲ့ခလေးတွေလဲခတ်ပါတယ် ပြောချင်တာတော့ သူခလေးတွေတောင်ခတ်ကြတာ ကျမတို့ခလေးတွေက အခုမှလေ့လာပြီ အတန်းကြီးကိုတက်လိုက်တော့ ပိုအဆင်မပြေမူဖြစ်တာပါ ဒါပင်မဲ့ လူငယ်တွေရဲ့ အာသာချက်ကတော့ ဘာဖိအားမှမရှိတော့ စာလုပ်ရတာပိုမြန်ပါတယ် လမ်းကြောင်းပေးမဲ့သူပဲလိုနေတာပါ ။ အဲတော့ ပြောချင်တာက ဘယ်အရာပဲဖြစ်ဖြစ်ကျော်ဖြတ်ရတာပါပဲ မိမိဘက်က သေချာလေးရနေဖို့ပဲလိုပါတယ်နော်။ ဒီနိူင်ငံရဲ့ စနစ်ဟာ တစ်ယောက်နဲတစ်ယောက် ဆွဲခေါ်နည်းသနစ်ကို သင်ပေးကြတော့ အဲစနစ်အတိုင်းသာ သွားရင် ကျမတို့ခလေးတွေလဲအဆင်ပြေလာမှာပါ။ အပြိုင်အဆိုင်တွေကို ခလေးကိုလဲမပြိုင်ခိုင်းပဲ မေမေတွေက သူငယ်ချင်းစိတ်ဓာတ်လေးမွေးမြူတင်အောင်သင်ပေးရင် ကျမရဲ့ စာရေးမူကိုဒီမှာရပ်နားလိုက်ပါမယ် ။နောက်ဒီနိူင်ငံရဲ့ ခလေးတွေ တစ်ပတ်တာကိုဘယ်လိုသင်ကြားပေးမလဲကို ပြောပြပေးသွားမှာဖြစ်ပါတယ်။