Finland နိုင်ငံကိုရောက်ပြီဆိုရင်

 Finland နိုင်ငံကိုရောက်ပြီဆိုရင်

******************************
Immigration မှာ ဘာတွေအရင်ပြရလဲ
1. Passport
2. Health Insurance
3. ကျောင်းခေါ်စာ/ အလုပ်ခေါ်စာ
4. Residence permit card အရင်ပြရပါတယ်။
ပြီးရင် သူတို့က
1. ဘာလာလုပ်တာလဲ။
2. ဘယ်နှနှစ်နေမှာလဲ။
3. ဘယ်မှာနေမှာလဲ။ တချို့ဆို နေရပ်လိပ်စာပါမေးပါတယ်။
4. ပိုက်ဆံဘယ်လောက်ပါလဲ။ တခါတလေ အဲ့ပိုက်ဆံကဘယ်ကရတာလဲ အပြင် ပိုက်ဆံကိုပါ ထုတ်ပြခိုင်းပြီး သူတို့ ရေတတ်ပါတယ်(ကိုယ့်ကံနဲ့ဆိုင်တာပေါ့နော်။)
အဲ့တာတွေကို မကြောက်မရွံ့ပဲ ကောင်းကောင်းမွန်မွန်ဖြေတတ်ရင်တော့ ပေးသွားပြီ။
နောက်ဆုံး Finland မြေကို ချေချပြီပေါ့နော်။ ပျော်ပျော်ပါးပါးနဲ့ ကမ္ဘာ့ အသန့်ရှင်းဆုံး လေကို ဝဝရှူလိုက်ပါ။
အဘယ်ကြောင့်ဆိုသော် သင့်ကို Finland နိုင်ငံမှ ရှုပ်ထွေးလှသော Process များ အနောက်မှာ တသီတန်းကြိုနေလို့ပါ။
1. Digital and Population Data Service Agency- DVV လို့တော့ဒီမှာခေါ်ပါတယ်။ ပြောမယ်ဆိုရင်တော့ ဒီနိုင်ငံကို ရောက်ပြီဆိုတာကို သွားအကြောင်းကြား ရတာပါ။ ရောက်ပြီး နောက်နေ့ ဆို ကိုယ့်မြို့ရဲ့ DVV ရုံးက ဘယ်နေ့ဖွင့်လဲ ဆိုတာ internet ကနေရှာပါ။( တမြို့နဲ့တမြို့ရုံးဖွင့်ချိန်နဲ့ ရက်တွေမတူပါ။)
2. ရုံးဖွင့်ရက်သိပြီဆို ရုံးဖွင့်ချိန်ထက် နာရီဝက်စောသွားပါ။ ရုံးဖွင့်ပြီဆိုဝင် Token စက်မှာ Without appointment နဲ့ Token No ယူပါ။ Website ကနေ Appointment ယူလို့ရတယ်ဆိုပြီး မယူပါနဲ့ ကိုယ်ရောက်တယ့် နေ့နဲ့ 3 ပတ်လောက်ခွါပြီး Appointment Date ပေးတတ်ပါတယ်။
3. ကိုယ့် Token No ရောက်ရင် ခေါ်တယ့် counter ကို သွားပြီး သူတို့ပေးတယ့် Form 2 ခုဖြည့်ရပါတယ်။ အဲ့မှာ information တွေကို သေချာဖြည့်စေချင်ပါတယ်။ Visa လျှောက်ခဲ့တယ့် information အတိုင်းနဲ့ ကိုယ်အခု Finland မှာနေတယ့် လိပ်စာ Finland ဖုန်း နံပါတ် email သေချာမှန်ကန်အောင်ဖြည့်ပါ။ DVV process ပြီးသွားပြီဆို email ကနေပဲ အကြောင်းကြားတာပါ။ တခုခုမှားပြီးဆို ပြန်လုပ်ရတယ့် Process ကအချိန်ကြာလို့ပါ။
4. Form တွေ ဖြည့်ပြီးသွားပြီဆိုရင် သူတို့က ကိုယ့် passport၊ RP Card တွေကို copy ကူးယူထားလိုက်ပြီး Personal Identity Code ပါတယ့် သူဆို registered ပြီးကြောင်း ကို 2 weeks ကနေ 4 weeks အတွင်း Email ပို့အကြောင်းကြားမယ်လို့ ပြောပါတယ်။ Personal Identity Code မပါတယ့်သူဆို Personal Identity Code နဲ့အတူ registered ပြီးကြောင်း ကို 4 weeks ကနေ 6 weeks အတွင်း Email ပို့အကြောင်းကြာမယ်လို့ပြောပါတယ်။
ဒီမှာ အရေးကြီးဆုံးက Visa လျှောက်ထဲက Finnish Personal Identity Code ကို Resident Permit card မှာ ပါအောင် လုပ်ခဲ့ပါ။ ကိုယ်Visa လျှောက်တယ့်အချိန် Personal Identity Code ယူမယ်ဆိုတယ့် Box မှာ အမှန်ခြစ်ခြစ်ခဲ့ဖို့ပါပဲ။
ဘာကြောင့် Personal Identity Code လိုတာလဲ
1. အပေါ်မှာပြောတယ့်အတိုင်း အဲ့ Code ပါရင် DVV process ကမပါတယ့် သူထက်မြန်ပါတယ်။
2. သူတို့ Identity Code ရှိမှ ကိုယ်တိုင် Bus Ticket, Train Ticket ဝယ်ရတာ။ တချို့သောရုံးအလုပ်တွေ လုပ်ရတာအဆင်ပြေတာပါ။ မဟုတ် သူများအကူအညီလိုက်တောင်းနေရတော့ လူခံမရှိရင် အဆင်မပြေပါဘူး။
DVV ဘာကြောင့်လိုတာလဲ ဆိုရင် DVV မှာ registered ဖြစ်မှ police card လုပ်တာ၊ Bank Account ဖွင့်တာ၊ Tax Registration လုပ်တာ၊ Kella card လုပ်တာဆို ဆက်လုပ်လို့ရမှာပါ။
အဲ့process တွေပြီးမှ part-time အလုပ်ရှာလို့ရတာဖြစ်တာကြောင့် ပြောရမယ်ဆို အလုပ်ရဖို့ လုပ်ရတာပေါ့နော်။
ဒီprocess တွေက အချိန် ၂ လကနေ ၃ လကြားယူတော့ စစချင်းအလုပ်ရဖို့ အခွင့်အရေးအရမ်းနည်းပါတယ်။
လာမယ်ဆိုရင် ကိုယ့်အသုံးစရိတ်ကို သေချာ တွက်ချက်ယူခဲ့ပါ။
အခုတော့ စာရှည်သွားပြီဆိုတော့ DVV process နဲ့ ခဏနားပြီး နောက်မှ တခြား process တွေ sharing လုပ်ပါ့မယ်။
အားလုံးအဆင်ပြေကျပါစေ🥰🥰🥰








Post a Comment

0 Comments
* Please Don't Spam Here. All the Comments are Reviewed by Admin.