Finland မှာ English Program နဲ့ တက္ကသိုလ်တက်ကျမယ်
ကျောင်းအမျိုးအစား
Finland ပညာရေးစနစ်အရ တက္ကသိုလ်မှာ
1. University (yliopisto)
အဲ့ကျောင်း ၂ ခုက ဘာကွာလဲ ???
1. University မှာ Bachelor’s Degree Program, Master degree Program နဲ့ PHD ထိယူလို့ရပါတယ်
2. University of applied sciences မှာ Bachelor’s Degree Program, Master degree Program ထိသာရှိပြီး University of applied sciences မှာ master ပြီးပါက University မှာလဲ Ph.D ဆက်ယူလို့ရပါတယ်
3. University က research ဘက်ကို အထိကသွားပြီး applied science ကတော့ အလုပ်ကို ဦးစားပေးဖြစ်ပါတယ်
ကျောင်းလခ နဲ့ scholarship
1. Euro 6,000 မှ 12,000ကြားရှိပါတယ်
2. ပထမနှစ် အတွက် Scholar က early bird scholar, full scholarship ဆိုပြီးမျိုးစုံရှိပါတယ်
3. နောက်နှစ်တွေ အတွက် သူတို့ သတ်မှတ်ထားတယ့် credit ပြည့်ရင် partially scholarship ရတာများပါတယ်
ကျောင်း website တွေမှာ အသေးစိတ်ဝင်ကြည့်ပါ။
ဘယ်လိုလျှောက်ကျမလဲ
1. Finland မှာ Spring Intake နဲ့ autumn intake ဆိုပြီးရှိပါတယ် (တော်တော်များများကျောင်းတွေက spring intake မှာခေါ်တာများပါတယ်)
2. Spring Intake ဆို 4 Jan to 18 Jan က နေလျှောက်လို့ရပါတယ်
3. လျှောက်ရမယ့် linkပါ https://opintopolku.fi/konfo/en/
4. Application form က Joint application ပုံစံနဲ့အများဆုံးလျှောက်ရပြီး တချို့ university တွေ direct calling လဲရှိတတ်ပါတယ် (မိမိလျှောက်မယ့် ကျောင်းကဘယ်ထဲပါလဲဆိုတာ ကျောင်း website မှာသေချာကြည့်ပါ)
5. Joint application မှာ email တခု နဲ့လျှောက်ရပြီး ကျောင်း ၆ ကျောင်းထိ(uni or uas) လျှောက်လို့ရပါတယ်(application fee မရှိပါ) မိမိက ကျောင်းမရမှာ စိတ်ပူပြီး နောက် email တခုနဲ့ နောက်ထပ် application form ထပ်တင်ရင် နောက်ဆုံးတင်ထားသည် အတည်ဖြစ်ပြီး တခြား form တွေပယ်ချခံရတတ်တယ်
ဘာတွေလိုအပ်လဲ
Bachelor degree ကို University မှာ တက်မယ်ဆိုရင်
1. Finland နိုင်ငံအထက်တန်း or မိမိနိုင်ငံ၏အထက်တန်း or IGCSE A level
2. SAT အမှတ်
3. IELTS 6.5 တို့ လိုပါတယ်
Master degree ကို University မှာ တက်မယ်ဆိုရင်
1. မိမိတက်မယ့် major အလိုက် Bachelor Degree ဘွဲ့
2. GMAT(တချို့သော subject များအတွက်သာ)
3. IELTS 6.5
4. Motivation letter တို့ လိုပါတယ်
Bachelor degree ကို University of applied sciences မှာ တက်မယ်ဆို
1. Finland နိုင်ငံအထက်တန်း or မိမိနိုင်ငံ၏အထက်တန်း or Vocational အောင်လတ်မှတ် ပဲ လိုပါတယ်
Master degree ကို University of Applied Science မှာ တက်မယ်ဆိုရင်
1. မိမိတက်မယ့် major အလိုက် Bachelor Degree
2. အချိန်ပြည့်အလုပ်အတွေ့အကြုံ ၂ နှစ် လိုပါတယ်
အပေါ်က ဖော်ပြထားတာတွေက အကြမ်းဖျင်းလိုအပ်ချက်ဖြစ်ပြီး မိမိလျှောက်ထားလိုသောကျောင်း major တွေကို ကျောင်း website မှာ အသေးစိတ်ဝင်ကြည့်လို့ရပါတယ်
လျှောက်ပြီးဘာတွေ ဆက်လုပ်ရမလဲ
Bachelor လျှောက်ထားသူများ
1. Uni လျှောက်ထားသူများထဲမှ သူတို့ သတ်မှတ်ထားသောcriteria ပြည့်စုံသူများကို interview ခေါ်ပြီး interview အောင်မှ ကျောင်းဝင်ခွင့်ရမှာပါ
2. UAS လျှောက်ထားသူ များမှာ February လထဲမှာ ရေးဖြေစာမေးပွဲကျင်းပပါတယ် သူ့မေးခွန်းပုံစံက SAT နဲ့ဆင်ပါတယ်
3. February လကုန် or March လစမ်းမှာ အမှတ်စာရင်းထွက်ပြီး သက်ဆိုင်ရာ major အလိုက်အမှတ်ခွဲကာ မိမိလျှောက်ထားသော major ၏ အမှတ်မှီပါက မိမိ Form တွင် တင်ထားသော ကျောင်းများမှာ group interview ခေါ်ပါတယ်
4. Group interview အောင်မှ ကျောင်းဝင်ခွင့်ရမှာပါ
Master လျှောက်ထားသူများ
1. Uni လျှောက်ထားသူများထဲမှ သူတို့ သတ်မှတ်ထားသောcriteria ပြည့်စုံသူများကို interview ခေါ်ပြီး interview အောင်မှ ကျောင်းဝင်ခွင့်ရမှာပါ
2. UAS လျှောက်ထားသူ များမှာ တချို့ ကျောင်းတွေက case study ပေးပြီး သတ်မှတ်ရက်မှာ ရေးဖြေနှုတ်ဖြေ တခါတည်း ဖြေခိုင်းတာမျိုး or project တခုကြိုလုပ်ခိုင်းပြီး အမှတ်စစ်ကာ သူတို့ သတ်မှတ်ထားသော အမှတ်မှီမှ second interview ရှိပါတယ်
3. ရေးဖြေ or project အမှတ် interview အောင်မှ ကျောင်းဝင်ခွင့်ရမှာပါ
အခုချိန်ဘာတွေပြင်ထားသင့်လဲ
1. ကျောင်း Website တွေဝင်ပြီး မိမိတက်ချင်တယ့် requirements တွေကိုသေသေချာချာလေ့လာပါ
2. မိမိတက်မယ့် ကျောင်း requirements အရ လိုအပ်တယ့် သင်တန်းတွေတက်ပြီး စာမေးပွဲ ကို December ပထမအပတ်နောက်ဆုံးထားဖြေပါ
3. UAS တက်မယ်လို့ စဉ်းစားလဲ English ကို IELTS 6.5 လောက်ရအောင်လုပ်ခဲ့ပါ (နောက်နှစ် intake တွေမှာ Uni ပဲဖြစ်ဖြစ် UAS ပဲ ဖြစ်ဖြစ် IS လိုမယ်ကြားနေလို့ပါ)
4. Finnish language လေ့လာခဲ့ပါ basic ပဲဖြစ်ဖြစ် google translate သုံးလို့ပေမယ့် basic လောက်တက်ထားရင် စျေးဝယ် bus ကားစီး လတ်မှတ်ဖြတ်လေးတွေအဆင်ပြေလို့ပါ
သတိ
တက္ကသိုလ် ကို English နဲ့တက်မယ်ဆို agent နဲ့ အပ်စရာမလိုပါ
Application form ကလဲ မိမိ email နဲ့လျှောက်ရတာဖြစ်ပြီး
ကျောင်းရဲ့test တွေ interview တွေ acceptance letter တွေ reject letter တွေက မိမိ email ကို တိုက်ရိုက်ဝင်လို့ ကြားခံ ဘယ်သူမှ မလိုပါ။
အားလုံးကံကောင်းကျပါစေ
အောက်ကကိုယ်တိုင်ကျောင်းလျှောက်ရင် link များသာ ဝင်ရောက်လေ့လာနိူင်ပါတယ်။
မှတ်ချက်-ဘယ်သူကိုမှရည်ရွယ်ပြောဆိုထားတာမရှိပါ မြန်မာတွေအဆင်ပြေအောင်သာရည်ရွယ်ဖော်ပြပေးတာဖြစ်ပါကြောင်း