Finland နိုင်ငံ လာမယ် ဆိုရင်
***************************
2. ရောက်ရောက်ချင်း အလုပ်ရဖို့မလွယ်ပါ။ ရောက်ရင် လုပ်ရတယ့်စာရွက်စာတန်း process, တချို့အလုပ်တွေဆို စာမေးပွဲဖြေရပါတယ်(ဥပမာ hygiene pass) တို့တွေကြောင့် အလုပ်ရဖို့ ၂ လက နေ ၃ လအထိ အချိန်ယူရပါတယ်။ အဲ့တော့ မိမိက မိသားစုနဲ့ ပဲလာလာ၊ တယောက်ထဲ လာလာ အလုပ်မရခင် ကုန်နိုင်မယ့်ကုန်ကျစရိတ်တွေကို တခါထဲ တွက်ချက်ပြီး ယူလာလို့ရှိရင်ပိုကောင်းပါတယ်။1. အေးအေးချမ်းချမ်းနေနိုင်တတ်မှလာပါ။ အရမ်းတိတ်ဆိတ်လွန်းလို့ တခါတလေ depression ဝင်နိုင်ပါတယ်။4. မိမိ၏ လုံခြုံရေး အတွက် စိုးရိမ်ပူပန်စရာမလိုပါ။ ဒါပေမယ် သူတို့ လူမျိုးက သီးသီးသန့်သန့်နေရတာ ကြိုက်တာဖြစ်သောကြောင့် အပေါင်းအသင်းလုပ်ရတာ အခက်တွေ့နိုင်ပါတယ်။ လူခံရှိပြီး လာရင်တော့အကောင်းဆုံးပါ။3. အလုပ် ရှိလျှင် လူတန်းစေ့နေနိုင်ပါတယ်။ ချမ်းသာဖို့တော့မလွယ်ကူပါ ။အခွန်နဲ့ စားရိတ်စားခ များတာကြောင့်ပါ။6. အလုပ်အကိုင် အတိအကျ နှင့် သူတို့ အစိုးရသတ်မှတ်ထားသော စံနှုန်းများပြည့်မှီပါက နိုင်ငံသား လျှောက်ခွင့်ရှိပါတယ်။ အလုပ်အကိုင်က လဲ သူတို့ဘာသာစကား တတ်မှ ရနိုင်ခြေများသောကြောင့် ဘာသာစကားကို အချိန်တခုပေးလေ့လာပါ။5. မိသားစုလိုက် ပြောင်းရွှေ့နေထိုင်လို့ ရနိုင်ပါတယ်။ (မိသားစုဟုဆိုရာတွင် ခင်ပွန်း၊ဇနီးနှင့် ၁၈ နှစ်အောက် ကလေးများသာ)။ မလာခင် အချက်အလက်အားလုံးကို သေချာလေ့လာ ဆုံးဖြတ်ချက်ပါ။ အကုန်လုံး အခက်အခဲ တမျိုးမဟုတ် တမျိုးရင်ဆိုင်ရတာ ဖြစ်တာကြောင့် စိတ်အားထက်သန်မှ လာတာအကောင်းဆုံးပါ။ တချို့အရာတွေ က အလကား ရတိုင်းအဆင်မပြေနိုင်ပါ။စီးပွါးရေးသမားများ ပြောတာကို နားယောင်ပြီး မလုပ်မိပါစေနဲ့။ ယခုလက်ရှိရောက်နေတယ့် သူများထံမေးမြန်းတိုင်ပင်ပါ။8. နည်းပညာ တိုးတက်ပြီး စည်းကမ်းရှိစွာနေနိုင်ပါတယ်။ ဒီမှာ ဒီမိုကရေစီ နိုင်ငံဆိုပြီး နေချင်တိုင်းနေလို့မရနိုင်ပါ။ သတ်မှတ်ထားသော စည်းဘောင်တွေများပါတယ်။ သူတိုရဲ့ ပုံစံခွက်ထဲ ကိုနေနိုင်တယ်ဆိုရင် လာပါ။7. မည်သူ့အတွက်မဆို ပညာရေး စနစ်ကောင်းမွန်စွာ သင်ကြားနိုင်ပါတယ်။ Finnish ဘာသာ စကားတတ်မှ အခမဲ့ဖြစ်ပြီး English program တွေ အားလုံး သင်ကြားစရိတ်ရှိပါတယ်။*********************************လာဖို့ဆိုဘာတွေပြင်ဆင်ထားရမလဲ2. ငွေကြေး- အပေါ်မှာပြောခဲ့ သလိုပါပဲ စစချင်း အလုပ်ရဖို့ ခက်ခဲတာကြောင့် မိမိတို့အတွက်လိုအပ်တယ့် စရိတ်ကို သေချာ တွက်ချက်ယူစေချင်ပါတယ်။ ဒီမှာ မြန်မာနဲ့ ယှဉ်ရင် အစစအရာရာစျေးကြီးလို့ပါ။1. ဘာသာစကား- မိမိက သူတို့ဘာသာစကားနဲ့ ကျောင်းလာတတ်မယ်ဆိုပါက ကျွမ်းကျင်အောင် သင်ကြားခဲ့ပါ။ မိမိနိုင်ငံတွင် level အားလုံးပြီးဆုံးခဲ့သည်ဟု ဆိုသော်လည်း တချို့တွေ ဒီရောက်မှ ဘာသာစကား အခက်အခဲကြောင့် စာမလိုက်နိုင်တာတွေ ကြားသိနေရပါသည်။ ထို့ကြောင့် အချိန်သေချာပေးလေ့လာစေချင်ပါသည်။အရာအာလုံးကောင်းမွန်ပြီး အဆင်ပြေနေတာတယ်ဆိုတာ တကယ့်လက်တွေ့မှာ မရှိနိုင်ပါ။3. စိတ်ပိုင်းဆိုင်ရာ- မိမိနိုင်ငံမှာ ဘယ်လိုပဲနေခဲ့နေခဲ့ ဒီမှာ အစက ပြန်စရတာဖြစ်တာကြောင့် လူတိုင်းကိုယ့်လမ်းကြောင်းပေါ်မှာ ကိုယ်ရုန်းကန်နေရပါတယ်။အဲ့အတွက်ကြောင့် အထီးကျန်မှု အဆင်မပြေမှုတွေခံစားရနိုင်ပါတယ်။ လာမယ်ဆိုရင် စိတ်ကို ကြံ့ခိုင်အောင်ပြင်ဆင်ခဲ့ပါ။မှတ်ချက်မှာ - မည်သူကိုမှထိခိုက်နစ်နာလိုစိတ်မရှိပါ အဲလိုလေးတွေရှိတယ်ဆိုတာသိရအောင်ရည်ရွယ်တင်ပေးတာသာဖြစ်ပါကြောင်းထို့အတွက်ကြောင့် ကိုယ်တိုင်သေချာစုံစမ်းလေ့လာပြီး စိတ်ဓာတ်ခိုင်မာစွာဖြင့် မိမိတို့ဘဝအတွက် အကောင်းမွန်သော လမ်းတွေ ကို မှန်ကန်စွာရွေးချယ်နိုင်ကျပါစေ။